Powered by Blogger.

လက်ထပ်ဖို့ စီစဉ်ပြီးမှ လမ်းခွဲသွားတဲ့ ချစ်သူကြောင့် ကိုယ်ကိုကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသမီးတစ်ဦး




 အသည်းကွဲခြင်းကို ဘာနဲ့အဆုံးသတ်မလဲ။ အသည်းကွဲတာဟာ ဘဝတစ်ခုလုံး ပျက်ဆီးသွားတာမှမဟုတ်ပဲ။ လူအချို့က အချစ်ကိုသာ အရမ်းဦးစားပေးလွန်း ကိုးကွယ်လွန်းတော့ အချစ်နဲ့ ရုတ်တရက်ကြီး ကျောခိုင်းရမယ်ဆိုရင် အရာရာဟာ အဓိပ္ပာယ်မရှိသလို ဖြစ်သွားတတ်ပါတော့တယ်။ အခုလည်း အမျိုးသမီးတစ်ဦးဟာ သူန့လက်ထပ်မယ့် သူ့ချစ်သူက သူမကို လမ်းခွဲသွားခဲ့တာကြောင့် တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပြန်ပါသတဲ့။

 ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ ဂျီလင်းစီရင်စု ချန်းချွန်းဒေသမှာ ဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ မင်္ဂလာ သတို့သမီးဝတ်စုံကို ဆင်မြန်းထားတဲ့ အမျိုးသမီးတစ်ဦးကနေ သူမရဲ့နေအိမ်ရဲ့ပြတင်းပေါက်ကနေ သူဘဝကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီအမျိုးသမီးဟာ သူမဘဝမှာ သူမအရမ်းချစ်ရတဲ့ ချစ်သူကောင်လေးနဲ့ ရွှေလက်တွဲဖို့အထိ စီစဉ်ထားခဲ့ပေမယ့် အကြောင်းအရင်း တစ်စုံတစ်ရာမရှိပဲ သူရဲ့ချစ်သူဘက်ကနေ သူမကို သစ်စိမ်းချိုး ချိုးသွားခဲ့တာကြောင့် အခုလို အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးရဲ့ သေကြောင်းကြံစည်မှုဟာ ကယ်ဆယ်ရေးသမားတွေရဲ့ လာရောက်ကယ်ဆယ်မှုကြောင့် အထမမြောက်ခဲ့ပါဘူး။ အဓိကတော့ Guo Zhong Fan လို့အမည်ရတဲ့ အမျိုးသားတစ်ဦးရဲ့ စွမ်းစွမ်းတမံ ကယ်ဆယ်မှုကြောင့် အသည်းကွဲနေတဲ့ အမျိုးသမီးရဲ့အသက်တစ်ချောင်းကို သေမင်းရဲ့လက်ထဲကနေ အချိန်မီလုယူနိုင်လိုက်ခဲ့တာဖြစ်ပါတယ်။

 ဒီလို အဆုံးစီရင်ဖို့ ကြိုးစားတာ မှန်တယ်ထင်ပါသလား။ သူမအနေနဲ့ လေးနှစ်လောက် ချစ်ကြိုက်ခဲ့ပြီး တစ်ဘဝလုံး လက်တွဲခါနီးမှ လမ်းခွဲခဲ့ရတယ်ဆိုတော့ တော်တော်လေးကို စိတ်ထိခိုက်မှာတော့ သဘာဝကျပါတယ်။ သို့ပေမယ့် ကိုယ်မချစ်ရတဲ့သူတစ်ယောက် ကိုယ့်အနားက ထွက်ခွာသွားရုံနဲ့တော့ ဘဝထဲကနေ အပြီးအပိုင် ထွက်သွားဖို့အထိ မကြိုးစားသင့်ပါဘူး။ ကျွန်တော်တို့ဘဝထဲမှာ အချစ်ကိစ္စတစ်ခုတည်းနဲ့ လုံးပန်းနေရတာမှမဟုတ်ပဲ။ အသည်းကွဲတယ်ဆိုတာကလည်း လောကဓံတရားတစ်ခုပဲမို့ ကျွန်တော်တို့ လူသားတွေဘက်ကနေ ကြံကြံခိုင်နိုင်စိတ် ရှိဖို့လိုအပ်ပါတယ်။ ဒီတော့ ချစ်ပါ။ ကြိုက်ပါ။ လွမ်းပါ။ အသည်းကွဲရင်လည်း ငိုချလိုက်ပါ။ ပြီးရင် မေ့နိုင်အောင် ကြိုးစားပြီး ဘဝကို ဆက်လက်ရှင်သန်ပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

VitamiN

#Knowledge.thithtoolwin.com

 Ref: vir4real
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment