Powered by Blogger.

ရေအောက်မှာ အချိန်အကြာဆုံး ရေဒီယိုအစီအစဉ် ထုတ်လွှင့်ခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့




 ရေဒီယိုအစီအစဉ်တင်ဆက်သူတစ်ဦးဟာ ဧရာမကြီးမားလှတဲ့ ရေကန်ကြီးအတွင်းမှာ အချိန်ငါးနာရီကျော်ကြာ ရေငုပ်နေပြီး ရေဒီယိုအစီအစဉ်ထုတ်လွှင့်မှုတစ်ခုကို အဆက်မပြတ်ထုတ်လွှင့်နိုင်ခဲ့တာကြောင့် ရေအောက်ထဲမှာ အချိန်အကြာဆုံး ရေဒီယိုထုတ်လွှင့်နိုင်ခြင်းအဖြစ် ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့ပါတယ်။

 104.8 Channel 4 ရေဒီယိုလိုင်းရဲ့ အစီအစဉ်တင်ဆက်သူ Stu Tolan ဟာ ဒူဘိုင်းနိုင်ငံ Palm အပန်းဖြေစခန်းက သုံးမီလီဂါလန်လောက်ရှိတဲ့ ရေကန်ကြီးအတွင်းမှာ ရေဒီယိုအစီအစဉ်များကို ငါးနာရီ နှစ်ဆယ့်ငါးမိနစ်နဲ့ နှစ်ဆယ့်ငါးစက္ကန့်အထိ အချိန်ကြာမြင့်အောင် ထုတ်လွှင့်နိုင်ခဲ့တာကြောင့် အခုလို ဂင်းနစ်စံချိန်တင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ Stu Tolan ဟာ ယခင်စံချိန်ဟောင်းထက် တစ်နာရီကျော်ကြာ ထုတ်လွှင့်နိုင်ခဲ့တာကြောင့် ဂင်းနစ်စံချိန်အသစ်ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Stu Tolan ဟာ သူရဲ့ရေဒီယိုအစီအစဉ်များအတွင်း တေးသီချင်းများနဲ့ တိုက်ရိုက်ဖုန်းပြောဆိုမှု အစီအစဉ်များကို ရေသတ္တဝါပေါင်း ခြောက်သောင်းခွဲအနီးက ထုတ်လွှင့်သွားခဲ့တာဖြစ်ပါတယ်။ Stu Tolan အစီအစဉ်ထုတ်လွှင့်နေစဉ်အတွင်းမှာ ပရော်ဖက်ရှင်နယ် ရေငုပ်သမားခြောက်ယောက်က Stu အတွက် အောက်ဆီဂျင်ဗူး ၁၁ဗူးကို လှည်လဲပေးခဲ့ရပါတယ်။

 အခုလို ဂင်းနစ်စံချိန်တင်အသစ်ကို မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် Stu Tolan က " ကျွန်တော်ရဲ့ ရေဒီယိုအစီအစဉ်တင်ဆက်တဲ့ သက်တမ်းတလျှောက်မှာ ထူးခြားတဲ့ တင်ဆက်မှုပေါင်းများစွာကို ပြုလုပ်ပေးခဲ့ပေမယ့် ဂင်းနစ်စံချိန်တင်အောင် ပြုလုပ်ရတာလောက် မခမ်းနားခဲ့ပါဘူး။ ဒီစံချိန်မှတ်တမ်းဟာ ကျွန်တော့်ဘဝရဲ့ မမေ့နိုင်စရာပါပဲ။ Atlantis ရေကန်ရဲ့ဝန်ထမ်းများကလည်း တကယ်ကို ပြည့်စုံပါတယ်။ 104.8 Channel 4 ရေဒီယိုလိုင်း အဖွဲ့သားများကလည်း အသင်းလိုက်စုစည်းမှုကောင်းကောင်းနဲ့ အခုလိုစံချိန်တင်နိုင်ဖို့ ကြိုးပမ်းနိုင်ခဲ့ပါတယ်။ တကယ့်ကို အံ့မခန်းပါပဲ " လို့ ပြောဆိုခဲ့ပါတယ်။

 VitamiN

  #knowledge.thithtoolwin.com

 Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment